မသက်ဆိုင်ကြောင်းရှင်းလင်းချက်: ပြီးခဲ့တဲ့ (၁၀)နှစ်ကျော်အတွင်း ကမ္ဘာတစ်ဝန်းမှာ HIFU နည်းပညာ နဲ့ ဆီးကျိတ်ကင်ဆာကုသမှုပေါင်း (၃၀၀၀၀) နဲ့ တခြား လက်တွေ့သာဓကတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် HIFU နည်းပညာနဲ့ ဆီးကျိတ်ကင်ဆာကုသခြင်းကို ပထမဦးစားပေးကုသမှုအဖြစ် FDA က အသိအမှတ်မပြုသေးပါဘူး။
HIFU ( High Intensity Focused Ultrasound) ဆိုတာက အာထရာဆောင်းလှိုင်း (အသံလှိုင်း)နဲ့အပူပေးပြီး ဆီးကျိတ်ဂလင်းထဲမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ နည်းပညာ ဖြစ်ပါ တယ်။ ( ခွဲစိတ်ရန် ၊ လှီးဖြတ်ရန်မလိုအပ်ပါ)
အာထရာဆောင်းလှိုင်းတွေဟာ ခန္ဓာကိုယ်ကတစ်သျှူးတွေပေါ်ကို တစုတစည်းထဲ ကျရောက်တဲ့ အခါမှာ အဆိုပါ တစ်သျှူးတွေဟာ အပူရှိန်ကြောင့်ပျက်စီးသွားပါတယ်။ အဆိုပါနည်းပညာကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေ စုနေတဲ့ အစိတ်အပိုင်းနေရာကို ပစ်မှတ်ထားကာ ဆီးကျိတ်ကင်ဆာကို ကုသပေးတာ ဖြစ်ပါ တယ်။ ဆီးကျိတ်ဟာ တင်ပါးဆုံရိုးအတွင်းပိုင်း နက် တဲ့ နေရာမှာ တည်ရှိုပြီး HIFU နဲ့ ဆီးကျိတ်ကင်ဆာ ကိုကုသဖို့ဆိုရင် transrectal probe လို့ခေါ်တဲ့ အာထရာဆောင်းကိရိယာ ကို စအိုဝမှ ထည့်ရပါတယ်။ အဆိုပါအနေအထားမှတစ်ဆင့် အာထရာဆောင်းအသံလှိုင်းတန်းတွေကို ဆီးကျိတ်ဆီ တိတိကျကျေ ရာက်ရှိအောင် လုပ်ဆောင်ပေး တာဖြစ်ပါတယ်။
သင် HIFU ကုသမှုခံယူလျှင်
HIFU ရဲ့ အားသာချက်များ | HIFU ရဲ့ အားနည်းချက်များ |
---|---|
|
|
HIFU ဟာ ဆီးလမ်းကြောင်းနဲ့ဆက်စပ်လျက်ရှိတဲ့တစ်သျှူးများ ပျက်စီးစေမှုနှုန်းကို လျှော့ချပေးနိုင်တာကြောင့် တခြား ကုသမှုနည်းလမ်းတွေနဲ့ယှဉ်ရင် ၎င်းနည်းပညာတစ်ခုတည်းနဲ့ကုသခြင်းဟာ ဆီးလမ်းကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်ပါတယ်။
Reference :
– http://www.cancerresearchuk.org/cancer-help/type/prostate-cancer/treatment/high-intensity-focused-ultrasound-for-prostate-cancer
– http://www.bupa.co.uk/individuals/health-information/directory/h/hifu-treatment-for-prostate-cancer
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်